Window 10 မှာ This PC (My Computer ) ကို ဖွင့်ရင် ပေါ်နေတဲ့ Quick Access ဖြုတ်နည်း
Quick Access ဆိုတာ My Computer ကို ဖွင့်ရင် Recent Folder နဲ့ Recent File တွေကို ပြပေးတဲ့ Window 10 ရဲ့ Feature တစ်ခုပါ။
File တွေ Folder တွေ အများကြီး ဖွင့်ထားပြီးရင်တော့ အဲဒီ့ Feature ကြီးက စိတ်အနှောက်အယှက်ဖြစ်စရာကြီးပါ။
အဲတော့ Quick Access မပေါ်အောင် အောက်ပါနည်းအတိုင်း ပိတ်လို့ရပါတယ်။
This PC (Win+E) ကို ဖွင့်ပါ ။ View ကို Click ပါ။
Options ကိုနှိပ်ပါ။ Change folder and search options ကို နှိပ်ပါ။
Folder Options ပွင့်လာပါမည်။ General tab>Open File Explorer to: မှာ This PC ကို ရွှေးပေးပါ။
Apply ကို နှိပ်ပါ။ OK ကို နှိပ်ပါ ။ This PC ကို ဖွင့်ရင် Quick Access မပေါ်တော့ပါဘူး။
Comments
Post a Comment