Window 10 မှာ အသုံးပြုနိုင်သော လွယ်ကူလျှင်မြန်သော Screenshot နည်းများ
Window 10 မှာ အသုံးပြုနိုင်တဲ့ Screenshot နည်းလေးတွေ မျှဝေပေးချင်ပါတယ်။
နည်းလမ်း ၁
Keyboard ပေါ်ရှိ Print Screen ကိုနှိပ်ပါ။ Computer မျက်နှာပြင်ပေါ်မှာ ပေါ်နေသမျှကို Clipboard ပေါ်သို့ Copy ကူးသွားပါလိမ့်မည်။
မိမိ အသုံးပြုလိုသော Software တွင် Paste(Ctrl+V) လုပ်ခြင်းဖြင့် Screenshot ပုံကို ရရှိမည်ဖြစ်ပါသည်။
နည်းလမ်း ၂
Win+PrtScn(Print Screen) ကို နှိပ်ပါ။ Pictures>Screenshots အောက်တွင် Computer မျက်နှာပြင်တစ်ခုလုံး Screenshot လုံးထားသော PNG Format နှင့် File ကို ရမှာဖြစ်ပါတယ်။
နည်းလမ်း ၃
ပုံမှာပြထားသလို Setting နဲ့ Window Feature ကို ဖွင့်ထားပါတယ်။
ကျွန်တော်တို့ Window Feature တစ်ခုထဲကိုသာ Screenshot လုပ်လိုတဲ့ အခါမျိုးမှာ
Window Feature ကို ထောက်လိုက်ပါ။ Atl+PrtScn ကို နှိပ်ပါ။
မိမိ အသုံးပြုလိုသော Software တွင် Paste(Ctrl+V) လုပ်ခြင်းဖြင့် Window Feature တစ်ခုတည်း Screenshot လုပ်ထားသော ပုံကို ရရှိမည်ဖြစ်ပါသည်။
နည်းလမ်း ၎
Snipping Tool ကို အသုံးပြုပြီးလည်း လိုအပ်သော အပိုင်းလေးကို သာ Screenshot ပြုလုပ်နိုင်ပါတယ်။
Snipping Tool ဟာ Vista ၊ Window 7 ကတည်း ပါဝင်လာခဲ့တဲ့ Tool တစ်ခု ဖြစ်ပြီး လူသုံးနည်းပေမဲ့ အသုံးဝင် တဲ့ Tool လေးတစ်ခုပါ။
Window Key ကို နှိပ်ပါ။ Snipping လိုက်ရိုက်ပါ။ Snipping Tool ကို Click ပြီး မိမိ Screenshot လုပ်လိုသော အပိုင်းလေး သာ Screenshot ပြုလုပ်နိုင်ပါတယ်။
Comments
Post a Comment